ကဝေတစ်ကောင်ရဲ့ ညဥ့်ငိုသံ
ညဥ့်သန်းခေါင်အချိန်၏ ၀ိုးတ၀ါးမီးရောင်များက ကျွန်တော့်ရဲ့အာရုံတွေကို ရှုပ်ထွေးစေခဲ့သည်…
ထိုနေ့ည (12)နာရီခန့်တွင် အဝေးပြေးလမ်းမကြီးတစ်လျှောက် ဆိုင်ကယ်မောင်းနေခဲ့တယ်….
ဝိုးတ၀ါးမီးရောင်များအကြား အရိပ်တစ်ခုက ကျွန်တော့်ကိုလှမ်းကြည့်နေခဲ့တယ်…
ကြောက်ရွံ့တုန်လှုပ်စိတ်နဲ့အတူ ကျွန်တော် ခဏလောက်တော့ မင်သက်သွားမိခဲ့တယ်..
ခဏအကြာ….
အသံတစ်ခုသာကြားလိုက်ရသည်..
အရာအားလုံး ခဏတော့မေ့သွားခဲ့တယ်….
ကျွန်တော့်ရဲ့သူငယ်ချင်းဖြစ်သူက လမ်းမပေါ်တက်ပြီး ကားတားနေတယ်….
ကျွန်တော့် တစ်ကိုယ်လုံးနာကျင်နေတယ်……..
အလို……
ငါ့ကိုယ်ပေါ်မှာသွေးတွေ………..
ကြောက်လန့်တကြား မျက်နှာကိုစမ်းမိတယ်….
မျက်နှာပေါ်ကသွေးတွေ စီကျနေတယ်…………..
ဟင်……
ငါဘာဖြစ်သွားခဲ့တာလဲ..
ငါ့သူငယ်ချင်းကရော ဘာလို့ကားတွေလိုက်တားနေတာလဲ….
ကားတွေက တစ်စီးမှမရပ်……..
တော်တော်ကြာစဉ်းစားခဲ့ရတယ်…
နောက်ဆုံးတော့ ကျွန်တော်စီးလာတဲ့ဆိုင်ကယ် တစ်စစီကြေမွပျက်စီးနေတာတွေ့လိုက်ရတယ်…
ကျွန်တော်ဘာကြောင့်မေ့သွားခဲ့ရသလဲဆိုတော့
ခေါင်းကို ထိသွားခဲ့တယ်……..
ဦးခေါင်းတွင် ပေါက်ပြဲနေသော ဒဏ်ရာများကို သတိပြုလိုက်မိတယ်…
ခဏအကြာတွင် ကျွန်တော့် သတိရတစ်ချက်/မရတစ်ချက် နှင့်
ကျွန်တော့်ကိုလူကြီးတစ်ယောက်ကားပေါ်ပွေ့တင်ကာ ဆေးရုံကိုခေါ်သွားခဲ့တယ်…
နောက်တစ်နေ့ နံနက်ညနေစောင်း မှောင်ရီပျိုးစအချိန် ကျွန်တော်သတိရလာခဲ့ပြီ…..
တည်းခိုခန်းတစ်ခုတွင်ရောက်နေပြီး အမေ့ရဲ့ အက်ကွဲသံပါနေတဲ့စကားလေးတစ်ခွန်းက
နွေးထွေးစွာနဲ့ လှမ်းမေးတယ်..
သားလေး သတိရလာပြီလားတဲ့…….
အမေ တော်တော်ကိုမျက်နှာပျက်နေတယ်…..
မေမေ လို့ တစ်ခွန်းသာခေါ်လိုက်တယ်…နာကျင်လွန်းလို့ ခဏလောက်ပြန်မှိန်းနေလိုက်တယ်…..
ကျွန်တော်သူ့ကိုမေ့နေခဲ့လို့ထင်ပါတယ်၊ သေမင်းက မီးခိုရောင်လက်တစ်ဖက်နဲ့လှမ်းခေါ်ခဲ့တယ်…
တုန်လှုပ်မှုဆိုတဲ့ အတ္တတွေနဲ့အတူ ကံကောင်စွာနဲ့ ကျွန်တော်ငြင်းခွင့်ရလိုက်တယ်……
ညဟာ မှောင်စပြုလာပါပြီ…….
ဟင်…………………….
အရိပ်တစ်ခု………. ကျွန်တော်အားလုံးမှတ်မိသွားသည်…..
မင်သက်စွာငေးကြည့်နေမိသည်…………………
အကျည်းတန်လှသော ထိုအရိပ်တစ်ခုက ကြေကွဲစွာငိုကြွေးနေသည်….
တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသည့်ပုံစံမျိုးနဲ့….
ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ထိုညကိုဖြတ်သန်းခဲ့သည်…
မိုးလင်းတော့ အားလုံးက၀ိုင်းမေးနေကြတယ်..
ဘယ်လိုဖြစ်ရတာလဲတဲ့……
အားလုံးကို ကျွန်တော်ပြောပြလိုက်ချင်တယ်….ဒါပေမယ့် ကျွန်တော်မပြောဖြစ်ခဲ့ပါ..အမေ့ကိုလဲ မပြောပြဖြစ်ခဲ့ပါဘူး…. ကဝေ တစ်ကောင်ရဲ့ ငိုကြွေးသံကိုတော့ အခုချိန်ထိ သတိရနေဆဲပါ….