အိမ်မက်မဟုတ်သောနေ့လေး
မောင်---မောင်လို့ နောက်ဆုံးအနေနဲ့ ခေါ်ခွင့်ပေးပါနော်.... မောင်ရယ် ဝေလေ မောင့်ကို ဝေ အသက်ထက်ပိုပြီးတော့ ချစ်ခဲ့တာပါ.... မောင် ချိန်းတဲ့ အချိန်တိုင်းလဲ ဝေ အိမ်ကို မရရအောင်ပြောပြီးတော့ ထွက်ခဲ့တာပါ... မောင်အတွက်ဆို ဝေ အားလုံးကို ရင်ဆိုင်ခဲ့တာပါ.... မောင် ဖြစ်စေချင်တဲ့အတိုင်း ဝေ ဖြစ်အောင်ကြိုးစားခဲ့တယ်.... မောင် မျက်နှာမငယ်ရအောင် မောင် စိတ်ချမ်းသာအောင် ဝေ အားလုံးကို လိုက်လျှောခဲ့တာပဲ.... မောင်က အခုမှ ဘာလို့ ဝေကို ထားခဲ့ချင်တာလဲ.... ဘာလဲမောင် မောင်မေမေမှာ နှလုံးရောဂါရှိတယ် မောင်ကို နားလည်ပေးပါလို့ ပြောအုန်းမလို့လား.... မောင်ပြောတော့ ဝေတို့ အတူတူနေကြမယ်ဆို အခု ဘယ်လိုဖြစ်ရတာလဲ မောင်...
မောင်အိမ်က ပေးစားတဲ့ ကောင်မလေးကို မောင် ငြင်းလို့မရဘူးလားမောင်... မောင့်မှာ ဝေရှိပါတယ်လို့... မောင် ဘာလို့ပြောမထွက်တာလဲ မောင်က အရမ်းကို စကားတက်တာပဲနော် ဝေကလွဲရင် ဘယ်သူကိုမှ မောင် စိတ်လဲ မ၀င်စားဘူး ဝေ့ကိုပဲ မောင် မြတ်မြတ်နိုးနိုးနဲ့ ချစ်တာပါလို့ ပြောခဲ့တယ်နော်.... မောင် အဲစကားတွေ အခုပြန်ပြောအုန်းလေ မောင်ရဲ့.....
ဝေ အားလုံးအတွက် မောင် တောင်းပန်ပါတယ်ကလွဲပြီး ခုချိန်မှာ ဘာမှကို ပြောစရာမရှိပါဘူးကွာ.....
ဟင် မောင် ငိုနေတယ် ဟုတ်လား... ဘာလို့ငိုရတာလဲ မောင်ရ... မောင် ယောက်ကျာင်္းမဟုတ်ဘူးလား မောင်က ဘာကိုဝမ်းနည်းနေတာလဲ....
ဝေရယ် မောင်ကို နားလည်ပေးပါနော်.... မောင်လည်းလေ ဝေ ကို အရမ်းကို ချစ်ခဲ့ဘူးပါတယ်.... အချိန်တိုင်း ဝေမှ ဝေ ဖြစ်ခဲ့တာပါ..... အခုအချိန်မှာတော့ မောင် ဝေကို ဘာမှ မရှင်းပြချင်တော့ဘူး..... မောင့်ကို နောက်ဆုံးအနေနဲ့ နားလည်ပေးပါလို့ပဲ့ ပြောပါရစေတော့ ဝေ ရယ်......
မောင် ဝေရှေ့မှာ မောင် မငိုပါနဲ့ မောင်ရယ် မောင် စိတ်ဆင်းရဲတာကို ဝေ မမြင်ပါရစေနဲ့..... မောင့်ကို ဝေ အရင်လိုပဲ လွတ်လပ်ပျော်ရွင်တဲ့ လူတစ်ယောက်အဖြစ်နဲ့ပဲ တွေ့နေပါရစေ...... မောင် အရင်လိုပဲ ပြုံးပျော်နေတဲ့ ပုံစံလေးကို ဝေမြင်တွေ့ချင်တယ်....... မောင် အတွက် ဝေ အရာအားလုံးကို လိုက်လျောလိုက်ပါ့မယ်.... ဝေ လေ မောင်ကို တစ်ခုလောက်တော့တောင်းဆိုပါရစေနော်...... မောင်နဲ့ အခုလို နောက်ဆုံးနှုတ်ဆက်တဲ့ အချိန်လေးမှာ မောင်ရင်ခွင်ထဲမှာ ဝေ ခဏလေးနေပါရစေ..... ပြီးတော့ မောင်ရဲ့ အနမ်းလေးတွေကို ဝေ ရပါစေနော်...... မောင် ဝေ အရမ်းတန်ဖိုးမြတ်နိုးထားတဲ့ ဝေရဲ့ လက်သည်းလေးတွေကိုလဲ မောင် ညက်ခဲ့ပေးပါနော် ဝေရဲ့ ဒီဆန္ဒလေးကိုတော့ မောင် ဖြည့်ဆည်းပေးခဲ့ပါနော် မောင်...
ဝေ ရယ်...................
ဟေ့ကောင်ကြီး ဘာတွေ လွမ်းနေတာလဲကွ ..... ဘာမှ မဟုတ်ပါဘူး သူငယ်ချင်းရယ် မိုးလေး ဖွဲဖွဲကျနေတဲ့ အချိန်မှာ တစ်ချိန်က အဖြစ်အပျက်လေးကို သတိရမိလို့ပါ... ငါတို့နှစ်ယောက် အခုလို မိုးလေရွာနေတုန်းမှာ ငါ့လက်လေးကို သူမှီပြီးတော့ နောက်ဆုံးလမ်းခွဲခဲ့တာလေ ငါ့ကို အရမ်းကို မြတ်နိုးတန်ဖိုးထားတဲ့ ကောင်မလေး တစ်ယောက်ပေါ့ကွာ ငါအတွက် သူ့ဘ၀တစ်ခုလုံးကို စွန့်လွတ်ပြီး ခုချိန်ထိ စောင့်မျှော်နေတုန်းလေ ပြန်တွေးမိတိုင်း စိတ်မကောင်းဖြစ်မိတယ်ကွာ အခုရော မင်းတို့ အဆက်အသွယ်ရှိသေးလား ....မဖြစ်နိုင်တော့တဲ့ ဘ၀မှာ တို့တွေ သူငယ်ချင်းလိုပဲ နေထိုင်သွားကြမယ်လို့ ဂတိတွေထားခဲ့တာ သူငယ်ချင်းရ အခုတော့လဲ ကမ္ဘာတွေ ခြားနေပါပီကွာ..........